top of page

ဝန်ဆောင်မှုလုပ်ငန်းများ

ရေကြည်ကွန်ယက်အဖွဲ့ဧ။် ရေလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်မျာနှင့် နည်းပညာပိုင်းဆိုင်ရာ ဖြန့်ဝေမှုများကို ယခုစာမျက်နှာတွင် ရရှိနိုင်ပါသည်။

 

ကျွန်ုပ်တို့သည်

 

  • ကမ္ဘာ့ဆွဲအားသုံးနည်းစနစ်ဖြင့်ရေဆက် သွယ်မှုများဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်အသုံးပြု   ရေစုပ်စက်၊ရေတင်စက် စနစ်များ   ဒေသအခြေအနေအလိုက် ဒီဇိုင်းဆွဲ တပ်ဆင်ပေးခြင်း၊ တောင်ပေါ်ရေအရင်းအမြစ် ကာကွယ်ရေး၊ စုဆောင်းရေးများ ဆောင်ရွက်ပေးခြင်းများနှင့် ဈေးနှုန်းသက်သာသော ဝါးကဒ်အခြေခံ ကွန်ကရိ ရေတိုင်ကီများ မိုးရေသိုလှောင်နိုင်ရန် ဆောက်လုပ်နည်းများ ပံ့ပိုးပေးခြင်း အစရှိသည့် ရေအရင်းအမြစ်ရရှိရေး ဆောင်ရွက်ချက်များကိုလုပ်ဆောင်ပေးပါသည်။

  • ကုန်ကျစရိတ်သက်သာပြီး လျှပ်စစ်မီးအသုံးပြုစရာမလိုသော ရေထဲမှာ ပါသော ရောဂါပိုးမွှားများနှင့် လူလုပ် အော်ဂန်းနစ် ဓာတုပစ္စည်းများ ဖြစ်သည့် ပိုးသတ်းသေး၊ ပေါင်းသတ်ဆေး၊ ဆေးဝါး အကြွင်းအကျန်များနှင့် ကလိုရင်းအခြေခံ ဓာတုပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး ဓာတုပစ္စည်းများ အစရှိသည်တို့ကို ထိရောက်စွာ ဖယ်ရှားပေးနိုင်သော ရေသန့်စင်မှုစနစ်များကို အဖွဲ့အစည်းများနှင့် ကျေးလက်ဒေသများ၌ လက်တွေ့ကွင်းဆင်း သင်ကြားပေးပါသည်။ ဒီစနစ်တွင် ကျောက်စရစ်ခဲ၊ သဲနှင့် ဘိုင်အိုမီးသွေး (ဘိုင်အိုချာ) တို့ကိုအဓိကသုံးထားပါသည်။ ဤစနစ်ဧ။် ထိရောက်မှုကို ဓာတ်ခွဲခန်း၌်သာမက လက်ရှိအသုံးပြုလျက်ရှိသော ရေသန့် စင်စနစ်ဧ။် ရေသန့်အဆင့်ကိုပါ စမ်းသပ်စစ်ဆေးထားပါသည်။ 

 

ရေကြည်ကွန်ယက်ဧ။် ပရော့ဂျတ်များမှ ဓာတ်ပုံများ 

Photo Courtesy: Aqueous solutions 

TELL YOUR STORY

I'm a paragraph. Click here to add your own text and edit me. Let your users get to know you.

ဝါးအစားထိုးကွန်ကရိ ရေလှောင်ကန် သို့ မိုးရေသိုလှောင်ကန် ပရော့ဂျတ် 

Photo Courtesy: Aqueous Solutions

ဆိုလာသုံး တောင်ပေါ်ရေရရှိရေး ပရော့ဂျတ်

Photo Courtesy: Aqueous Solutions

bottom of page